သစ်သားက ပွတယ် ပျော့တယ်.. သံက မာတယ် ချွန်တယ်..
သံကိုသစ်သားထဲ ရိုက်ထည့်ရင် သစ်သားက အစတွေထွက်ပြီး ဖယ်ပေးလိုက်ရလို့ အပေါက်ဖြစ်သွားတယ်..
အဲ့ဒိနေရာဟာ သံကို သူဖယ်ပေးလိုက်ရတဲ့ သူ့ကိုယ်ပိုင်နေရာပဲ.. သံက အနိုင်ရတယ်..
မင်းက သစ်သားလား သံလား..
သစ်သားဆို နေရာဖယ်ပေးလိုက်.. သံဆို နေရာယူလိုက်..
အခွင့်အရေးကတော့ တစ်ခုထဲ.. တစ်နေရာထဲပဲ ရှိတယ်..
ဂျူး
ကြယ်ရောင်စောင့်သူများ ဆောင်းပါးမှ
ဘ၀ရဲ့ အကြီးမားဆုံးနဲ့ လူကို အထိခိုက်ဆုံးသော လျှို့ဝှက်ချက်ကို `ကြည်အေး´ကြောင့် ထုတ်ပြောလိုက်ရတော့မယ်..
မဟုတ်ရင် ရူးသွားနိုင်တယ်..
ကမ္ဘာမြေ စိမ်းလန်းရေးနေ့တုန်းက လက်ပုတော့မျိုးစေ့တွေ နည်းနည်းရလာလို့ အိမ်ရှေ့မှာ ကျင်းလေးတွေ တူးပြီး စိုက်ထားလိုက်တယ်.. ရေမှန်မှန်လောင်းဖို့တော့ ၀ီရိယရှိစရာမလိုဘူး.. မိုးရွာနေသားပဲဟာ.. ပေါင်းတွေတော့ ရှင်းရှင်းပေးရတယ်.. တော်ကြာ အပင်မသန်ဘဲ နေမှာစိုးတယ်.. မနက်တိုင်း တူးရင်းခွလေး တစ်ခုနဲ့ အလုပ်ရှုပ်နေတဲ့ ဥယျာဉ်မှူးကြီး နန်းညီ ပေါ့လေ.. မျိုးစေ့ တခုဆိုရင် အပင်ပွားလေးတွေ အများကြီးလာမယ်တဲ့.. အပင်ပွားတွေကလည်း ရောင်စုံလေးတွေ ထပ်ဖြစ်မှာ.. အပွင့်တွေ အသီးတွေ ခူးပြီး ပင်ရင်းက ခြောက်သွားတော့မှာ မျိုးစေ့လေးတွေ နေလှမ်းပြီး သိမ်းထားရဦးမယ်.. နောက် တရာသီမှာ ထပ်စိုက်ဖို့..
“ယောက္ခမတွေ ဆိုတာရယ် ~~ အိမ်မှာရှုပ်ပါတယ် ~~ ခယ်မလေးတွေ ပါလာခဲ့ရင် မျက်စိကြည်တယ်”.. ဆိုတဲ့သီချင်းကို အတော်လေး မုန်းသဗျ.. ဘာကြီးမှန်းလည်းမသိဘူး.. ခယ်မဆိုတာကပဲ ပစ်မှားစရာလိုလို.. အလိုလိုကို နောက်ဆက်တွဲအဖြစ် အပိုဆုရတာလိုလိုနဲ့.. ရေးတဲ့လူကလည်း ရေးပြီး ဆိုတဲ့လူကလည်း အားရပါးရ အော်နေလိုက်တာများ.. တော်တော်ကို နားကြားပြင်းကပ်နေရောပဲ.. ဘုမသိ ဘမသိနဲ့ ကလေးတွေကလည်း ဆိုနေလိုက်တာ.. သူတို့တွေ ကြီးလာရင် အဲ့သီချင်းထဲကအတိုင်း တကယ်စိတ်ထဲစွဲနေရင် ခက်ဦးမယ်.. သူတို့ ခယ်မ ဖြစ်လာရမယ့် အမျိုးကောင်းသမီးလေးများအတွက်တော့ ရင်လေးစရာ..
ရှိသေးတယ်.. “မပြောနဲ့တော့ ~~ မပြောနဲ့တော့ အားလုံးသိလိုက်ပြီ ~~ တဖြည်းဖြည်းနဲ့ မင်းသမီးလေးလည်း ပိန်သွားပြီ ~~ သူကြီးသားက အနိုင်ကျင့်သည် ~~ ဟာ ဟာ သွားပြီ အိုးလေးကွဲသွားပြီ” ဆိုတဲ့ တောသီချင်းလိုလို ရက်ပ်သီချင်းလိုလိုနဲ့ တပုဒ်.. တရားဝင်ထွက်တဲ့ သီချင်းတော့ မဟုတ်ဘူးလားမသိဘူး.. ကားစီးရင်းဘာရင်း ဖွင့်တဲ့ Karaoke ကို ကြည့်ဖူးတာပဲ.. ချာလိုက်တဲ့ ရိုက်ချက်တွေ.. ချာလိုက်တဲ့ ပြကွက်တွေ.. ပြီးတော့ သီချင်းကြီးကလည်း ဘယ်လိုအဓိပ္ပါယ်တွေမှန်းမသိ.. အော် – ဒါလည်း ပေါက်ပြန်တာပဲ..
ခုတလောမှာ နာမည်နည်းနည်းရလာတဲ့ ကိုရီးယားသွေးစပ်တယ်ဆိုတဲ့ အဆိုတော် မမလေးကလည်း အားရပါးရဆိုလေတယ်.. “ဒစ္စကို မြူးဇစ် အော်လို့ဒွန့် အော်လို့ဒွန့်”တဲ့.. Black Eyes Pea ရဲ့ My Hump သီချင်းကို စာသားထည့်ပြီး ဒွန့်လိုဒွန့်.. “No Body, No Body But You” တစ်ပုဒ်လုံးကိုလည်း အားရပါးရ ကိုရီးယားလိုတွေအတိုင်း ပြန်ဆိုလား ဆိုရဲ့.. ဘာတွေမှန်းကိုမသိ.. မျက်စိတွေကိုနောက် နားတွေလည်း မချမ်းသာလိုက်တာ.. ခု နောက်ပိုင်း မိန်းကလေး အဆိုတော် ကောင်းကောင်းကို မရှိတော့ဘူးလားလို့တောင် စိတ်ဓာတ်ကျမိပါရဲ့..
မြန်မာဗီဒီယိုဇာတ်ကားတွေ မကောင်းတဲ့အကြောင်းလည်း ခုဆို လူတကာ သိနေပြီ.. ဇာတ်လမ်းတွေက ကချော်ကချွတ်.. သရုပ်ဆောင်တာတွေကလည်း ပြီးစလွယ်.. အော်- ကြည့်သူတွေကို စေတနာထားလိုက်ကြပုံများနော်.. အိန္ဒိယဇာတ်ကားတွေကတောင် ခုဆို အများကြီးကျော်တက်သွားပြီ.. ဟိုနေ့က ကြည့်လိုက်ရတဲ့ I am Kham ဆိုတဲ့ အိန္ဒိယကားဆို မြန်မာကားတွေနဲ့ တခြားစီဖြစ်မနေဘူးလား.. ကိုရီးယားကားတွေ ပြနေ ကြည့်နေကြပြီး ဝတ်စားဆင်ယင်တာတွေကိုပဲ လိုက်ကြည့်နေတော့မှာလားမသိ.. သူတို့ ရိုက်တာလေးတွေ သူတို့သရုပ်ဆောင်ပုံလေးတွေ.. အော် – မင်းသား ရဲတိုက်နဲ့ စာချုပ်ထားတယ်ဆိုတဲ့ Satori ထုတ်လုပ်ရေးက ဇာတ်လမ်းလေးတွေကတော့ နည်းနည်းကြည့်ပျော်ရှုပျော်ရှိတယ် ခေါ်ရမှာပေါ့လေ..
မြန်မာကားတွေ မြန်မာသီချင်းတွေကို ထိုင်ပဲ ရှုံချနေရတာ မောလာလို့ Modern Rock Music Video ဆိုတဲ့ အခွေပြန်ကြည့်နေရင်း သီချင်းတစ်ပုဒ်ကို အတော်လေး စိတ်ထဲရောက်လာလို့ ပြောပြချင်သေးတယ်.. မြန်မာမှာတော့ လေးဖြူက “အဝါရောင်ကိုက်ခဲမှု”ဆိုပြီး LMN အခွေထဲမှာ ပါဖူးတယ်.. “မနက်မိုးလင်းချိန် ~~ ငါ့ခေါင်းထက် နေမင်းအဝါ ~~ ငါစိုက်ပျိုးခဲ့တဲ့ အိပ်မက်တို့ အရောင်အဆင်းအဝါ” ဆိုတဲ့ သီချင်း.. ကောင်းပါတယ်.. စာသားတွေလည်း ကောင်းတယ်.. ဆိုထားတာလည်း လေးဖြူ ပီပီသသ.. သူ့ မူရင်းသီချင်းက benjamin ရဲ့ So Cold ပါ.. ဗီဒီယိုကိုတော့ သေဒဏ်စီရင်ခံရတဲ့ အပြစ်သားတစ်ယောက်ရဲ့ image ကိုနောက်ခံထားပြီးရိုက်ထားပါတယ်.. သေရမှာက ရေထဲနှစ်သေရမှာ.. ရေထဲနှစ်သွားဖို့အတွက် ကျောက်တုံးကြီးတစ်ခုကို လည်ပင်းမှာ သံကြိုးနဲ့ချည်ပြီးတွဲချလိုက်ရမှာ.. အဲ့ဒိ သေရမယ့် မြစ်လား ချောင်းလား အဲ့နေရာကိုရောက်အောင်သွားကြတော့ သေမယ့်အပြစ်သားရယ်.. သူ့ ဆွေမျိုးသားချင်းလို့ ယူဆရတဲ့လူတွေရယ်.. ဘုန်းကြီးရယ်ပေါ့.. ရွံတောနွံတောကြီးကိုဖြတ်ပြီးလာကြတာ.. လာတဲ့လမ်းမှာလည်း သူသေဖို့ ကျောက်တုံးကြီးကို သူကိုယ်တိုင် သယ်လာရသေးတယ်.. အဲ့လို ပြကွက်တွေရယ် အဆိုတော်အဖွဲ့ပုံတွေရယ်ကို ရောပြီးပြပါတယ်.. နောက်ဆုံးမှာ သူလည်း ကျောက်တုံးကြီးကို မချီလို့ ရေထဲဆင်းသွားပြီး ဘုန်းကြီးက ဖတ်ပေးနေတဲ့ တရားစာအုပ်လေးအပိတ်.. သူလည်း အမြုပ်.. အဲလိုပြပြီး အဆုံးသတ်ထားတယ်..
အဲ့ဒိဗီဒီယိုလေးကို ကြည့်ပြီး စိတ်ထဲမှာ နင့်နင့်ကြီး ခံစားရတယ်.. အော် သူ့ခမျာ သူသေရမယ့် နေရာရောက်ဖို့ကို သူသေရမယ့် ကျောက်တုံးအလေးကြီးကို တလမ်းလုံး မလာ ထမ်းလာရရှာတယ်.. လဲကျသွားပြီး ကျောက်တုံးကြီးကို အတင်း ပြန်မ,ထ နေရတဲ့အခန်းဆို ကြည့်ရင်းနဲ့ငိုတောင်ငိုချင်လာတယ်.. သယ်ရင်းထမ်းရင်း သူဘယ်လို ခံစားနေရမှာပါလိမ့်နော်.. သူ့ဘေးနားက လိုက်လာပေးတဲ့ သူ့ ဆွေမျိုးသားချင်းတွေလို့ ယူဆရတဲ့လူတွေဆိုရင်လည်း ဘယ်လိုခံစားနေရရှာမလဲ.. သေဒဏ်စီရင်ရမယ့်နေရာကို လိုက်ချင်ကြမှာ မဟုတ်ဘူးထင်တယ်.. ဒါပေမယ့် မလိုက်ပြန်ရင်လည်း သူ အားငယ်နေရှာမလား.. ခုလိုလိုက်ပေးတော့ရော သူအားရှိလို့လား.. အင်း… ကြည့်ရင်း ကြည့်ရင်း တမျိုးကြီးပဲ.. ရိုက်ထားပုံက ဘာမှ အဆန်းအပြားမပါပေမယ့် ရင်ထဲထိတယ်..
အဲလိုလေးတွေများ မရိုက်ချင်ကြဘူးလား မသိ..
အိမ်အပြောင်းအရွှေ့မှာ ရှင်းရင်းလင်းရင်း ဒါလေးတွေ အမှတ်မထင်တွေ့လို့ အားလုံးကြည့်ရအောင် ပြန်share ပေးပါတယ်..
ကွန်နက်ရှင်အခက်အခဲကြောင့် ပုံကို အသေးပဲ ထားလိုက်တယ်.. အကြီးမြင်ချင်ကြရင် ပုံမှာ ကလစ်နှိပ်ပြီးသာ ကြည့်လိုက်ကြပါတော့နော်..
ခေတ်အလိုက် အမျိုးသမီးများ ၀တ်စားပုံကို ပျူခေတ်ကနေ ကိုလိုနီခေတ်ထိ အစဉ်လိုက် တွဲပေးထားတယ်.. ခုခေတ် ဘယ်လိုတွေ ၀တ်လဲ ဆိုတာကတော့ အားလုံးအသိမို့လို့ မထည့်ပေးတော့ပါဘူး.. မှန်သာ ပြန်ကြည့်လိုက်ကြပါတော့ဗျို..
ဒါတွေကနော်.. အ၀တ်အစားပြပွဲတွေအတွက်များ သုံးတည့်မလားမသိ.. (အဟီ)



ဒီစာအုပ် ၄ အုပ်ကို လိုချင်ရင် ဆက်သွယ်ပါ..
အတော်ကောင်းသော ဝတ္တုများဖြစ်ကြပါသည်.. ဖတ်နိုင်သူများအတွက်တော့ အလွန်ကို တန်ဖိုးရှိပါသည်..
လူပေါ်မူတည်၍ အလကားပဲတင်း ပေးရမလား.. ကြေးအိုးနဲ့ လဲရမလား.. လက်ဆောင်ဆိုပြီး ပဏာယူရမလား.. သို့မဟုတ် အခကြေးငွေဖြင့် ရောင်းစားရမလား ဆုံးဖြတ်ပါမည်..
(ရဘူးဟေ့ ကိုယ်တို့ကတော့ ပေါ်တင်ပဲ)




khinoomay77.blogspot.com ရဲ့စီဘောက်စ်မှာ သွားပြီး အပြတ်ဟဲထားတဲ့ သီချင်းပါ.. အားပေးကြပါတယ်.. အဲ့က အစ်ကိုတော် အစ်မတော်တွေကလည်း.. ဟိဟိ
ဟေ့ သူငယ်ချင်းရေ တို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ~~ ရှစ်ခွင်ကမည်း မိုး (ဟိုးဟိုး) ရွာမလိုလိုနဲ့ပဲ ~~ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက်ပိုးးးးးးးးးးး ချစ်ကြတယ်…
RITA: နှီးဒေါင်းလန်းကြီးတွေနဲ့ ဆိုတာလည်း မပါသေးပါလား
တောရွာသူတို့ အိမ်မယ်.. မြိန်ဖွယ်ပါ့ထမင်း ~~ မိုးမျှော်ငရုတ်သီးထောင်းနဲ့ ကိုဘိုကေရယ် ဒေါင်းလန်း (ဟမ်းဟမ်း)ကြီးရဲ့ အလယ် ~~ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက်ပိုးးးးးးးးးးး ချစ်ကြတယ်…
Vista: ဒေါင်းလန်း (ဟမ်းဟမ်း)ကြီး ???
နည: ဒေါင်းလန်းက ကြီးလွန်းတော့ လူများပြီး ဟမ်းသွားတာ မမဗစ်
Vista: hehe
မိုး တိမ်ယံကာကွယ် ယာလယ်ပြင်လမ်းမှာလ ထန်းပင်ထန်းလက် ~~ ထန်းရွက်တွေက အသွယ်သွယ်ပါမောင်ရယ် မြရင်တို့ရွာ ရိုးရာဇာတိနွယ် ~~ သြော် လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှ လည်ပါတယ်နော်ကွယ် ပျိုရဲ့ညိုနွဲ့ ကြိုလှည့်ပါ ဆံကေသွယ်.. ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက် ပိုး ချစ်ကြဒယ်.. တုနှယ့် တဲနှယ် လဗြောင်

Jme: ဟင် သီချင်းနဲ့ အရုပ်နဲ့
နည: အဲ့ သီချင်းနဲ့ ကစရာအရုပ်မှ မရှိတာ ရှိတာလေးနဲ့ ဖြစ်အောင် ကရတဲ့ဟာ
Vista: တုတ်နဲ့ ချ နညကို
RITA: ပဒတ်ကလေးရယ် နီကျင်ကျင်လဲ ကျန်သေးတယ်
ချောင်းပေါ်မှာ ဖြတ်လာရှာတဲ့ ပုတတ်လေးတွေ နီကျင်ကျင်ရယ် နွယ်ကြိုးမျှင်နဲ့သွယ်.. သြော် ငယ်မူ.. မဖျောက်နိုင်ဘု (ဟုဟု) ပျော်လောက်ဖွယ် မယ်ရင်ရယ် ~~ လွမ်းပါဘိတယ် ပျို့ဇာတိနွယ် ပျိုတို့ဇာတိနွယ်~~ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက်ပိုးးးးးးးးးးး ချစ်ကြတယ်…
နှစ်တိုင်းဆက်ထွန် ကြက်သွန်ခင်းရဲ့အလယ် ~~ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက်ပိုးးးးးးးးးးး ချစ်ကြတယ်…
RITA: ဟိုက်ရှားပါး ကိုယ်တောင် မရဘူး နည ဘယ်လိုလုပ်ရတာလဲ
နည: ကြိုက်လွန်းလို့ အရုပ်ကျက်ထားတာ
နည: အဲလေ.. အလွတ်ကျက်ထားတယ်ပြောတာ..
နည: အဲ့ဒါလေ ဂျူး ၀တ္တုထဲကနေ ကျက်ထားရတာ
RITA: ဟုတ်လား။ ဝတ္ထုတိုလား။
အဲ့သီချင်း MP3 ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လိုချင်နေပါတယ်.. ရှိရင်ပေးကြပါ..
update>>
သီချင်းရပါပြီ.. facebook ကနေ တောင်းလိုက်ပါတယ်.. http://www.zshare.net/audio/73992157cdeb1e3c/ ဒီမှာရှိပါတယ်.. ကျေးဇူးပါ မဟနစံ..
http://www.artsof-greengirl.com/2008/10/blog-post_12.html ဒါကတော့ မမGreen Girl ရေးဖူးတဲ့ ပို့စ်လေးပါ..
ခုတလောမှာ အတော်အမြင်ကပ်နေတဲ့ တီဗီကြော်ငြာတစ်ခုရှိတယ်.. ဘယ့်နှယ့်တော်.. ကြော်ငြာပုံက အဓိပ္ပါယ်ကိုမရှိ.. ပြောပြပါဦးမယ်.. ဒီလို ဒီလို..
ကြော်ငြာအစမှာ စီဒိုးနားဟိုတယ် ဆင်ဝင်အောက်မှာ ရပ်နေတဲ့ မိုးဟေကို အနားကို နေတိုးက ရောက်လာတယ်.. (နောက်ခံသီချင်းကလည်း ဆိုနေတယ်).. ပုံစံက တီရှပ်နဲ့ ဂျင်းပန်နဲ့ပေါ့နော်.. မိုးဟေကိုက နေတိုးကို ခြေဆုံးခေါင်းဖျားသေချာ ကြည့်လိုက်ပုံပြတယ်.. ပြီးတော့ နှာခေါင်းရှုံ့ပြီး ဟိုဘက်လှည့်သွားတော့ နေတိုးလည်း မျက်နှာလေးငယ်သွားတယ်.. အဲ့ဒိအချိန်မှာ နေတိုး ခုနက ဆင်းလာတဲ့ကား (အကောင်းစားပရာဒိုကားကြီး)ရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာ တင်ထားတဲ့ အဲ့ဒိကုန်ပစ္စည်းဗူးလေးပေါ်ကနေ လေချွန်သံကြားလိုက်ရတယ်.. နေတိုးလှည့်ကြည့်လိုက်တော့ ဗူးလေးပေါ်က လူပုံလေးက “လာခဲ့ လာခဲ့”ဆိုတဲ့ စတိုင်နဲ့ လက်ယပ်ခေါ်တယ်ပေါ့နော်.. အဲ့ဒါနဲ့ နေတိုးလည်း အကြံရသွားပုံနဲ့ ပြုံးပျော်ရွှင်သွားတယ်.. ဒါကတစ်ကတ်..
နောက်တခါကျပြန်တော့ ခုနလိုပဲ မိုးဟေကိုရပ်နေတယ်.. နေတိုးက ကားပေါ်ကဆင်းလာပြီး အနားသွားပြန်တယ်.. ဒါမယ့် ဒီတစ်ခါတော့ သပ်သပ်ရပ်ရပ်သားသားနားနား ဝတ်ထားတယ်ပေါ့လေ.. အဲ့ဒိအခါကျ မိုးဟေကိုက အကဲခပ်ကြည့်ပြန်တယ်.. ကြည့်တာကလည်း အင်္ကျီတွေ ဆံပင်တွေကို မဟုတ်ဘူးတော်ရေ့.. မျက်လုံးက အောက်ဖက်နားကို ကြည့်တာ.. ပြီးလည်းပြီးရော ကြည်ကြည်သာသာပြုံးပြီး ခေါင်းလေးညိတ်ပြလိုက်တဲ့အခါကျတော့ သူတို့နှစ်ဦး လက်ချင်းတွဲပြီး ကားပေါ်တက်သွားရော..
နောက်ခံသီချင်းကလည်း Continue reading »


Recent Comments