
ဟိုးဝေးဝေးမှာ မြင်နေရတာ နှင်းဆီပွင့်လား.. သွေးစက်တွေလား..
အမှောင်အတိဖုံးနေသော ပတ်ဝန်းကျင်တွင် မြင်ရသမျှက အနီ.. အနီ.. အနီ.. အရောင်ဆိုတာ အလင်းရှိမှ မြင်ရမယ့်အရာ မဟုတ်ဘူးလား.. တခြားဘာမှတောင် မမြင်ရဘဲနဲ့ ဘာကြောင့် ဒီအနီကိုတော့ မြင်နိုင်နေသလဲ..
အနီရောင် – လှုပ်ရှားတက်ကြွတာ.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတာ.. သတ္တိနဲ့ ခွန်အားဗလ၏ ကိုယ်စားပြု.. ပြီးတော့ သွေးရဲ့အရောင်.. စိတ်စွမ်းအင်.. စိတ်လှုပ်ရှားစေတာ.. အချစ်.. စစ်ပွဲ နဲ့ ရမက်ဆန္ဒတွေ..
လှုပ်ရှားတက်ကြွဖို့ လိုအပ်နေပြီလား.. အင်းလေ.. ထုံရီထိုင်းမှိုင်းနေခဲ့တာ ရက်ပေါင်းဘယ်လောက်များများ ကြာနေပြီလဲ.. ၁ လ.. ၂ လ လား.. ပြန်လည် လန်းဆန်းတက်ကြွလာအောင် ဘာတွေလုပ်ရမှာပါလိမ့်.. ခေါင်းထဲက တခြားအရောင်တခုခုကို ထုတ်ဖယ်ပစ်လိုက်ရမလား.. ဥပမာ- အညိုရောင်ပေါ့.. ဟင်.. အထီးကျန်ခြင်းနဲ့ တွေဝေညို့မှိုင်းခြင်းရဲ့ အဓိပ္ပါယ်..
တကိုယ်လုံးမှာ တဖြည်းဖြည်းချင်း စီးဝင်ပျံ့နှံ့လာနေတတ်တဲ့ အဲ့ဒိ သိမ်ငယ်စိတ်တွေကိုရော ဘယ်လို တိုက်ထုတ်မောင်းနှင်ပစ်ရမလဲကွယ်.. နောင်တ မရတတ်တဲ့ ငါ ဘယ်ရောက်သွားပါလိမ့်.. အမြဲ ချိုသာကြည်ရွှင်နေတတ်တဲ့ ငါ ဘယ်အချိန်ကတည်းက ပျောက်ဆုံးသွားတာလဲ.. စိတ်ဓာတ်အင်အား ပြည့်ဝတဲ့ သတ္တိရှိတဲ့ ငါ ဘယ်တုန်းက ထွက်ခွာသွားခဲ့တာလဲ..
မတရားတာ မရှိဘူးဆိုတဲ့ အချစ်နဲ့စစ်.. သြော် သူတို့ကိုလည်း အနီက ကိုယ်စားပြုသတဲ့လား.. အရှုံးအနိုင် သေချာပြီးသား တိုက်ပွဲတစ်ခုအတွက် ဘယ်လိုစိတ်ဓာတ်မျိုးကို ပြင်ဆင်ထားရမလဲလို့ ဘယ်သူကမှ မသင်ပြပေးနိုင်တာ ဝမ်းနည်းစရာ.. “အနာဂတ်ထက် လက်ရှိအချိန်လေးကို တန်ဖိုးထားပါ”ဆိုတဲ့ စကားလေးတစ်ခုထဲက ကိုယ့် ကူရာကယ်ရာဖြစ်နေတာကရော ရယ်စရာကောင်းလို့လား..
မွှေးပျံ့သင်းကြိုင်တဲ့ စိတ်ကို လန်းဆန်းစေတဲ့ ပန်းရနံ့များနဲ့ နီးနေပြီလား.. နီးအောင် အားထုတ်နေရဲ့လားလို့လည်း မသေချာ.. ကိုယ်စိတ်နှလုံးကို ဒဏ်ရာများပဲ ပေးနိုင်တဲ့ ပန်းတွေများလားလည်းမသိ.. ဟိုးဝေးဝေးမှာ မြင်နေရတဲ့ အနီက နှင်းဆီပွင့်လား.. သွေးစက်တွေလား..
လက်ကို ငါ လှမ်းလိုက်တယ်..
———-
(ကဗျာတစ်ပုဒ်ရဲ့ နာမည်နဲ့ အဖွင့်အပိတ် စာသားများကို ငှားပြီး သုံးထားပါတယ်.. ချစ်သောကဗျာဆရာ P .. ကျေးဇူးအထူး)
ဘန်ကောက်ရဲ့ အမက မွေးတဲ့ သားလေး ရန်ကုန်လို့ ဆိုလိုတာ မဟုတ်ရပါ.. Bangkok to Yangon with Air Asia ပေါ့ဗျာ..
ဘန်ကောက်မှာ တရက်ခွဲကြာခဲ့တယ်.. ပန်တစ်ပလာဇာ သွားတယ်.. အိုင်တီရှော့ပင်းမောလ်ကြီးပဲ.. မိုက်တယ်..ကင်မရာပစ္စည်းတွေ.. ကွန်ပျူတာပစ္စည်းတွေ.. ဆော့ဖ်ဝဲခွေ ဂိမ်းခွေတွေ.. မိုဘိုင်းလ် ပစ္စည်းတွေ.. အစုံ အစုံ.. နေ့တ၀က်လုံး အဲ့ထဲမှာပဲ အချိန်ဖြုန်းကြတယ်..

ဒါ ပန်တစ်ရှေ့မှာ ရိုက်ထားတဲ့ပုံ
နောက်နေ့ကျတော့ မနက်အစောထပြီး (တကယ်က သိပ်တော့လည်း မစောပါဘူး) မြဘုရား အရင်ဆုံး သွားကြတယ်.. ၀င်ကြေး ၃၅၀ .. ဈေးကြီးသား.. မြဘုရားမှာ ရှိခိုးပြီးရင် နောက်တခေါက် ထပ်ထပ်လာရတတ်တယ်လို့ လူပြောများတယ်.. နေကပူတော့ ပင်ပန်းတယ်.. ဘုရားဝင်းထဲမှာက ဟိုနားတွေ ဒီနားတွေ လျှောက်သွားနေရတာကိုး.. ဦးထုပ်လေးဘာလေး မဆောင်းလာမိတာ ကြီးစွာ နောင်တရသွားတာပေါ့.. နောက် မြဘုရားက ပြန်ထွက်လာပြီးတော့ မော်တော်စီးပြီး ကျောက်ဖရားမြစ် တဖက်ကမ်းကိုကူးတယ်.. အဲ့ဘက်မှာ ခဏလည်တယ်.. ပြီးတော့ ဒီဘက်ပြန်ကူးလာတယ်.. လမ်းလေးဈေးလေး လျှောက်ပြီးတော့ platinum plaza ဆီ ခရီးဆက်ခဲ့တယ်..

ထိုင်းအ၀တ်စား ၀တ်ပြီး ဓာတ်ပုံရိုက်ချင်ရင် ၁၀၀ ပေးပြီး ရိုက်လို့ရတယ်.. ဈေးသက်သာတယ်.. မ၀တ်ချင်လို့ မရိုက်ဖြစ်ဘူး
platinum plaza ကတော့ အ၀တ်အစားတွေနဲ့ ဖိနပ်တွေ အိတ်တွေ ပေါများတဲ့ ဈေးကြီးပဲ.. ၇ ထပ်လား ၆ ထပ်လားမသိ.. ကျယ်လည်း အတော်ကျယ်တယ်.. ပစ္စည်းတွေ ထင်ရာမြင်ရာလေးတွေ ၀ယ်ဖြစ်တယ်.. ည ၇ နာရီခွဲမှာတော့ ဘန်ကောက်က ဘားကမ့်ပ် အော်ဂနိုက်ဇာတွေနဲ့ တွေ့ဖြစ်တယ်.. နောက်တော့ Parking Toys ဆိုတဲ့ music club တစ်ခုကို သွားကြတယ်.. တော်တော်ဝေးဝေး ကားစီးရပေမယ့် တန်တယ်.. တော်တော်မိုက်တယ်.. ၀င်ကြေးလည်း ဖရီးပဲ..
အဲ့နေ့ည အိပ်ရာဝင် နောက်ကျတယ်.. နောက်နေ့ မနက်အိပ်ရာထ နောက်ကျတယ်.. foot scrub လုပ်ချင်လို့ ၁၀ နာရီခွဲလောက်မှာ ဆိုင်သွားတာ.. မဖွင့်သေးဘူး.. ဒါနဲ့ပဲ ဟိုနားဒီနားလျှောက်ပြီး ဟိုတယ်ပြန်လာတယ်.. ရေချိုးတယ် ပစ္စည်းသိမ်းတယ်.. ၁၁ နာရီခွဲလောက်မှာ ဟိုတယ်ကနေ check-out လုပ်ပြီး ကားငှား.. သုဝဏ္ဏဘူမိလေဆိပ်ကို လာခဲ့ကြတယ်.. လေယာဉ်က ၄ နာရီခွဲမှ ထွက်မှာမို့ လေဆိပ်ထဲမှာ အေးအေးဆေးဆေး အချိန်ရတယ်.. နေ့လည်စာစားတယ်.. ဟိုဒီ လျှောက်ကြည့်တယ်.. နောက်တော့ လေယာဉ်ထွက်တယ်..
ရန်ကုန်က မိုးအေးအေးလေး ကြိုတယ်.. စိတ်ချမ်းသာတယ်.. မေကြီး ပါးက သနပ်ခါးနံ့မွှေးတယ်.. ပါလာတဲ့ လက်ဆောင်ပစ္စည်းတွေကို ဖွနေတဲ့ ညီမလေးရယ်နေတာက ချစ်စရာကောင်းတယ်.. ဖုန်းထဲက ဖေကြီးအသံက နွေးထွေးလိုက်တာ..
အိမ်..
မိသားစုနဲ့ ချစ်ခင်သူတွေရှိတဲ့ နေရာအရပ်ကို အိမ်လို့ခေါ်ပါတယ်..
ပတ္တရားကမ်းခြေ နောက်ဆက်တွဲရက်များအကြောင်းပါ..

uhn hum.. ပတ္တရားကမ်းဘက်ကနေ တစ်နာရီနီးပါးလောက် စပိဘုတ်စီးပြီး သွားရတဲ့ကျွန်းလေးပေါ် သွားလည်ကြတယ်.. ရေကူးကြတယ်.. ဘောလုံးကန်တယ်.. ခရုတွေ ဂဏန်းတွေ ပုဇွန်တွေနဲ့ ဂုံးကောင်တွေ စားကြသေးတယ်..မဆိုးပါဘူး စားလည်းကောင်းပြီး ဈေးလည်း တန်တယ်ပြောရမယ်.. ပုံတွေထပ်ကြည့်ချင်ရင်နှိပ်..
jetski တွေ စီးကြတယ်.. ရေဆော့ကြတယ်.. အတော်ပင်ပန်းတယ်.. မျက်စိတွေလည်းစပ် အသားတွေလည်း စုတ်ပြတ်နေလောက်ရောပေါ့.. သဲဖြူဖြူမွမွလေးတွေက လူကို ပျော်ရွှင်ကြည်လင်စေတာနဲ့အမျှ အလင်းပြန်မှုလည်း သိပ်များတာပဲ.. ဒီလိုပဲလားမသိ.. လှတဲ့အရာတွေဟာ လူကို ဒုက္ခပေးတယ်.. uhn hum..

တခါတလေ ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့ ကိစ္စတချို့တလေအတွက် အပြစ်ဒဏ်သဘောမျိုး ခံရတဲ့အခါ နာလိုခံခက်ဖြစ်ရတတ်တယ်.. နေရထိုင်ရခက်ခဲတယ်.. အသက်ရှူရခက်တယ်.. ငါ မှားနေတာလားလို့ အကြိမ်ကြိမ်တွေးမိပြီးတဲ့အခါ ငါ မမှားဘူးလို့ ပြန်ပြန်အားတင်းရတာက အင်အားတွေကုန်ခမ်းတယ်.. ပျော်စရာခရီးကိုလာတဲ့အခါ ပျော်ပဲ ပျော်ချင်တာ သဘာဝကျမယ်ထင်တယ်.. သို့သော်လည်းပေါ့လေ ပျော်ပုံပျော်နည်း ကွဲပြားတဲ့အခါ.. .. . .
အော်.. ပြီးတော့ ပြောပြရဦးမယ်.. ပင်လယ်ရေဆိုတာ အများကြီးပါ.. တယောက်ထဲသောက်မကုန်ဘူးတဲ့.. ဒါပေမယ့် ငန်တယ်..
မြန်မာလေဆိပ်ရဲ့ စနစ်တွေက အမြင်ကပ်စရာ ကောင်းလိုက်ပုံများ.. ပြောကို မပြောချင်ဘူး.. သံရုံးကတောင် သွားပါစေတော့ရယ်လို့ ဗီဇာထုတ်ပေးပြီးပြီကို ဘာမဟုတ်တဲ့ လေကြောင်းလိုင်းက မိန်းမတွေက ရစ်တာကို ခံနေရသေးတယ်.. အဲ့ဒါ ဓနရှင်တွေကြောင့်.. ကတောက် !
လေယာဉ်ပေါ်မှာ နားတွေအူတယ်.. နည်းနည်းလည်း မူးတယ်.. ဘာမှ မဟုတ်ဘူး.. အဲ့ဒါ ဓနရှင်တွေကြောင့်..
ထိုင်းလေဆိပ်ရောက်တယ်.. တခါတည်း ကြိုစီစဉ်ထားတဲ့ ကားနဲ့ ပတ္တရားကို ဆက်သွားတယ်.. ကားအကောင်းစားကြီးဖြစ်နေတာကလွဲရင် ဘေးနားကမြင်ကွင်းတွေက ရွာသာကြီးကနေ လှိုင်သာယာစက်မှုဇုံသွားနေရသလိုပဲ.. လယ်ကွင်းတွေနဲ့.. ကားလမ်းတွေ ဖြောင့်ဖြူးနေတာကိုတော့ မေ့ထားလိုက်ပါတယ်..
ကားရပ်နားစခန်းရဲ့ ပုံစား ထမင်းဆိုင်မှာ နေ့လည်စာ စားဖြစ်ကြတယ်.. တန်တယ်ပြောရမယ်.. ကားကို ၁ နာရီခွဲနီးပါး စီးပြီးတော့ ပတ္တရားကိုရောက်တယ်.. ဈေးသိပ်ကြီးတဲ့ ဟိုတယ်မှာ မတည်းနိုင်ပေါင်.. ခပ်သေးသေး သို့သော် ချစ်စရာကောင်းတဲ့ ဟိုတယ်လေးကို ရွေးလိုက်တယ်.. ကမ်းခြေနဲ့တော့ သိပ်ဝေးတာပဲ.. ဒါမယ့် လူမရှုပ်ဘူး မျက်စိမရှုပ်ဘူး နားမရှုပ်ဘူး.. ကမ်းခြေနဲ့ ကပ်နေတဲ့ ကမ်းခြေတလျှောက်က ဟိုတယ်တွေကတော့ ဈေးလည်းကြီး ခမ်းလည်းခမ်းနား.. ဒါမယ့် call girl တွေ ခြေချင်းလိမ်နေတဲ့ နေရာတွေပဲ.. ဒီမှာ အဲ့ဒါတွေ သိပ်များတယ်.. ငပလီတို့ ချောင်းသာတို့.. ဖူးခက်တို့လို သောင်ပြင်ကျယ်ကျယ် ရှင်းလင်းကျယ်ပြန့်မဟုတ်ဘူး..

နေထွက်စ ပတ္တရားကမ်းခြေ (ပုံကြီးကြည့်ရင် ပိုလှတယ်နော် တိလား)
ရောက်ရောက်ချင်း ညနေကိုတော့ ကမ်းခြေမသွားဖြစ်ဘူး.. ဟိုတယ်ရေကူးကန်မှာပဲ ရေကူးဖြစ်တယ်.. ည အစောအိပ်တယ်.. ယနေ့ ဒုတိယနေ့.. ညဘက် ဈေးတန်းနည်းနည်းလျှောက်ဖြစ်ကြတယ်.. ပင်လယ်စာ ထမင်းကြော်စားတယ်.. ဘတ် ၅၀ ပဲ.. စားကောင်းတယ်.. ဟိုဟာလေး ဒီဟာလေး လျှောက်ကြည့် လျှောက်ဝယ်လိုက်သေးတယ်.. လာတဲ့ နိုင်ငံခြားသားတွေက ကြည့်မကောင်းလှဘူး.. အပေတေပုံစံတွေများနေတယ်.. ထိုင်းမလေးတွေနဲ့ တွဲပြီး လန်းလန်း လန်းလန်း လုပ်နေကြတာပဲ.. ဒီမှာမြင်ရသလောက် ထိုင်းမတွေ အပြင်ဆင်ကြောင့်သာ ကြည့်ကောင်းတာ ကိုယ်တွေဆီက မြန်မာမတွေကမှ လှသေးတယ်.. ကိုယ်တွေဆီက သူတို့လို အလန်းတွေ သိပ်မနေကြလို့.. အဲကွန်းနဲ့ နေရာတကာ မနေနိုင်လို့.. ပြောရရင် ဓနရှင်တွေကြောင့် ပေါ့ဗျာ..
(ဓနရှင်တွေ စွတ်ပါနေတာ ဘာမှမဟုတ်ဘူး.. အချင်းချင်းနောက်နေတဲ့စကား.. တခုခု လွဲချော်တိုင်း ဓနရှင်တွေကို ပုံချနေတာလေ.. )
အော် ဓာတ်ပုံတွေလား ဒီမှာ ကြည့်.. ခုမှ ၂ ရက်ပဲ ရှိသေးတယ်.. နောက်နေ့တွေအကြောင်း နောက်နေ့မှ ဆက်ပြောမယ်.. အင်တာနက်ကောင်းနေတာပဲဟာ.. ဘယ်ချိန် စာရေးရေးပေါ့.. ဟုတ်ဖူးလား.. ^_~
အရင်အိမ်လိပ်စာ အရင်ဖုန်းနံပါတ်များမှာ ဆက်သွယ်လို့ မရတော့ဘူးဆိုတာ အသိပေးပါရစေ..
မီးခြစ်ဆံဗူးအိမ်ကိုပြောင်းပါတယ်.. ခု ကျန်ခဲ့တဲ့ အိမ်က ကျယ်ကျယ်.. လင်းလင်း.. ကြီးကြီး.. ရုတ်တရက်ဆိုတော့ နည်းနည်းတော့ ညစ်သွားတာပေါ့..အိမ်သာရေချိုးခန်းကလည်း မဲတူးမှောင်ချိတ်ညစ်ပတ်.. တဖြည်းဖြည်းချင်း ပြန်ပြင်ယူရဦးမယ်..
“ဘာပဲပြောပြောမီးခြစ်ဆံဗူးဆိုတော့ကောင်းပါသေးတယ်.. မီးခြစ်ဆံ တွေအများကြီးပါသေးတယ်.. အကိုတို့က ဆပ်ပြာခွက်ဆိုတော့ ဟိုမလှုပ်သာ ဒီမလှုပ်သာ” လို့ ကိုရွှေမြတ်ကတော့ အားပေးလေရဲ့..
စဉ်းစားလိုက်ရင်
..
…. ….
………..
ငါလေ ရင်မောတယ်
(ဟွန့်.. အဲ့သီချင်းကြီး အမြင်ကပ်ပါတယ်ဆို)
ခုတလောမှာ လုပ်နေကျ အလုပ်.. သွားနေကျနေရာတွေကနေ ခွဲထွက်ပြီး ပြောင်းလဲ လုပ်ဆောင်မှုတွေလုပ်လိုက်တယ်.. Default Setting ဖျက်တယ်ဆိုပါစို့.. အဲလို ဖျက်လိုက်မိလို့လားမသိဘူး.. ကမောက်ကမ အဖြစ်အပျက်တွေ.. အဆင်မပြေမှုတွေ.. ကိုးလိုးကန့်လန့် ကိစ္စတွေ ပေါ်ပေါ်လာတယ်..
တောင်ကြီးက သူငယ်ချင်းများ အဆင်မပြေမှုတချို့တွေဖြစ်နေတယ်လို့ သိရတယ်.. စိတ်မကောင်းဘူး.. ကိုယ်လည်း ဘာမှ မတတ်နိုင်တဲ့ ကိစ္စ ဖြစ်နေတာကိုး..
မနေ့ညက အိပ်မက်မက်တယ်.. တောင်အဆင်း အတက်လမ်းလေးအတိုင်း ဆိုင်ကယ်ကို မောင်းနေခဲ့တာတဲ့.. ညမှောင်မှောင်ထဲမှာ ဘာမီးအလင်းရောင်မှလည်းမရှိဘဲနဲ့.. နောက်တော့ အိမ်အဟောင်းကြီးတစ်ခုထဲကို ရောက်သွားပြန်တယ်.. အဲ့လိုနဲ့ပဲ ရိုက်ယူထားခဲ့ဖူးတဲ့ ဒီဓာတ်ပုံလေးကို သတိရသွားတယ်..

တောင်ကြီး-ဟိုပုံး အဆင်းလမ်းမှာ ရိုက်ထားတဲ့ ပုံလေး.. အိပ်မက်ထဲက အိမ်နဲ့တော့ မတူလှပါဘူး.. ခုတလော ခံစားနေရတဲ့ ခံစားချက်တစ်ချို့နဲ့ တိုက်ဆိုင်တာရယ်.. ပုံကို ကြည့်ပြီး ခံစားမိလို့ရယ်ကြောင့် abandon ဆိုတဲ့ နာမည်ကို ပေးဖြစ်တယ်..

တောင်ကြီး စူဠာမုနိမှာ

ရွှေဘုန်းပွင့်မှာ အမှတ်တရ
(ဘယ်မှညာ) မပင့်ဂိုးလ်၊ ကိုဇော်၊ ကိုမင်းယွန်း၊ နန်းညီ၊ ကိုဝေလင်း
(နောက်တန်း ဘယ်မှညာ) ကိုဖြိုးဟိန်းကျော်၊ မထိုက်၊ ရန်လင်းအောင်
အဟမ်း.. ကြွားရမယ့် ကိစ္စတော့ မဟုတ်ဘူးပေါ့လေ.. ဒါမယ့် မဂ္ဂဇင်းထဲမှာ ပါဖူးသွားတာကို ပြချင်လို့..
Teen မဂ္ဂဇင်းမှာ ဘားကမ့်ပ်ရန်ကုန်ရယ် ဆိုရှယ်နက်ဝေါ့ကင်းတွေနဲ့ ဆိုင်တာရယ်ကို စကားဝိုင်းလေး လုပ်ပေးတာပါ.. ခေါင်းစဉ်က `ဘယ်သူ့ကိုမှ ဖိတ်မထားဘူး စိတ်ဝင်စားရင် လက်ရည်တူ ကစားနိုင်တယ်´ တဲ့.. ဒီမှာ ဖတ်လို့ရတယ်နော်..
.… တာင်း ကြည့်တယ်။ သူကလည်း ကူညီမယ်။ တိုက်ဆိုင် သွားတာက အဲဒီအချိန်မှာ ကိုညီလင်းဆက်တို့ကို အဲဒီဘက်ကနေ လာပြီးတော့ တွေ့တယ်။ တိုက် တိုက်ဆိုင်ဆိုင် တိုက်သွားတယ်။
ဇော်ဇော်မျိုးလွင်။ ။ ကျွန်တော်တို့ ဘားကမ့် အတွက် တိုင်ပင်ကြတာ သုံးလလောက်ကြာတယ်။
နန်းညီ။ ။ ဘားကမ့် စပြီးတော့ လုပ်တဲ့ အချိန်က တည်းက တစ်ခုခုတော့ ဖြစ်အောင်ပြောမယ်လို့ စိတ်ကူးထားတယ်။ ဘားကမ့်မှာက အိုင်စီတီ တစ်ခုတည်း မဟုတ်ဘဲ အိုင်တီနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ ပြောလို့ရတယ် ဆိုတော့ ကိုယ်ကျွမ်းကျင်တဲ့ အရောင်အကြောင်း၊ ပန်းချီ အကြောင်း ပြောတယ်။ အင်တာနက် စာမျက်နှာတွေမှာ သုံးတဲ့ အရောင်တွေ အကြောင်းကို ပြောဖို့ … .. .. .
^HZ: အင်း … အလုပ်ရှုပ်တာပီးဘီလား
nye: နည်းနည်းလျော့သွားပီလေ
^HZ: အဲ့ဆို ကဗျာရေးပေးတော့
nye: အို
လျော့ပဲလျော့တာ
ကျန်သေးတယ်
^HZ: ကျန်သေးလဲ ခွဲပီး ရေးပေး
nye: အော် ကြုံသမျှ ဘုံဘ၀မှာဖြင့် ရွှေနားတော်ရယ် မချမ်းသာ
ဒီမယ်မှာလေ အလုပ်ပတ်ရှုပ်နေတာရယ်ကြောင့် မရေးနိုင်ကြောင်းတောင်းပန်လည်း မရတာမို့..
(အမယ်မင်း) မရတာမို့
^HZ: ရေးတော့မယ်ပေါ့လေ
မရတော့ဖူးဆိုတော့
nye: အို ရေးပီလေ.. အဲ့ဒါ ပထမပိုဒ်
လောလောဆယ် ပထမပိုဒ်ပဲ ယူထား
nye: ရေးပးတယ်လေ အဲ့မှာ ပထမပိုဒ်လေ
^HZ: အဲ့ကဗျာမျိုး ဟုတ်ဖူး..ဆို
ကိုမိုးဝေး တို့ ပြောပြောနေတဲ့ ခေတ်ပြိုင်ကဗျာဆိုလား
မော်ဒန်အလွန် ကဗျာဆိုလား ဘာလား ကွာ
အဲ့ဒါမျိုး
ဟိဟိ
nye: အဲ့ဒါမျိုးမှ မရေးတတ်တာ
မရေးတတ်တဲ့လူကို အကြွေးတောင်းသလို ရေးခိုင်းနေတာ
စော်ကားတာလား
nye: မထီမဲ့မြင်ပြုတာလား
အထင်သေးတာလား
^HZ: ရေးလိုက်ပါ
စွပ်စွဲလှချည်လားကွယ်
^HZ: အွန်
ငိုတော့ငိုနဲ့လေ ငိုချင်း ရေးခိုင်းတာမှ မဟုတ်တာ
nye: အမယ်မင်းရယ်တဲ့ ပြောရတော့မယ်
^HZ: ညည်းချင်းလဲ ဟုတ်ပါဖူးဆိုနေ
nye: မရေးတတ်ကြောင်း အခါခါပြောပါသော်လည်း ရက်စက်သူ မောင်မောင်ဟိန်းက.. (ရင်နွေးရေ).. တွန်းထိုးလို့ သိမ်း
^HZ: အွန်
သူ့ညည်းချင်းက တမျိုးပါလား
nye: အော်.. တမင်ခွာ ရှောင်ဖယ်မပြေးပါဘု.. တကယ်မှန်အလုပ်များနေတာပ.. ကိုယ်ချင်းရယ်မှ မစာနာ
(ဘာတွေဖြစ်ကုန်ပီလဲမသိတော့ဘူး)
^HZ: အဟဟ
ကဗျာလေး ရေးလိုက်ရင် ပီးသွားမယ့်ဟာကိုကွယ်
nye: ကဗျာရေးစရာ ရွှေဥာဏ်တော် စူးရောက်နေတာကြောင့်.. မရေးသာညှာတာပါစေကြောင်း တောင်းပန်လို့နေ
အမယ်မင်း တောင်းပန်လို့နေ
^HZ: အာာာ သူ့ညည်းချင်းက တဖြည်းဖြည်းနဲ့ ကျနော် လူကြမ်းဖြစ်ဖြစ်လာဘီ
nye: လူကြမ်းရယ်မှ မဖြစ်လို… သို့သော်ကွယ် သူ တမင်ညှင်းရက်တယ်.. ဒီမယ်မှာ စိတ်ထောင်းလို့ ကိုယ်ကြေပါပေါ့
ညှိုးရက်လေခြင်း
^HZ: အွန် .. ကဗျာလေးရေးခိုင်းမိတာ စိတ်ထောင်းလို့တောင် ကိုယ်ကြေရသတဲ့
nye: ကဖေးဆိုင်ပုံပြင်ရယ် ခေါင်းထဲရှိသာမို့.. အခြားကြောင်းကွယ် ဈာန်မရပေပဲ.. ညှိုးချုံးလို့ ခဲ
^HZ: အဲ့ဒီ ညည်းချင်းကိုပဲ ပြန်ပေါင်းပီး တင်လိုက်ရ ကောင်းမယ်ထင်တယ်
nye: အကြံတော်ပိုင်လိုက်ပါဘိ.. အမှန်နော် ပီသပါတဲ့ ကိုလေကြီးကျယ်..

(ဘာမှလည်းဆိုင်ဘူး)
ကိုဟိန်း နန်းညီကို ဘယ်လောက်တောင် စိတ်ညှင်းဆဲလိုက်သလဲဆိုတာ လူတကာ သိစေအောင်လို့
Recent Comments