ပျော်ရွှင်မွေးနေ့ဖြစ်စေ13-02-2010 | 12:13:25 | 9 Comments

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ပါ.. နန်းညီတို့ရဲ့ ဒုတိယဖခင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပေါ့.. နန်းညီ လေးစားချစ်ခင်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါပဲ..  အမှတ်တရတွေသိပ်များတဲ့နေ့လို့ပဲ ပြောရမလား.. နန်းညီအတွက် အဲဒါတွေထက် ပိုနေတာကတော့ နန်းညီချစ်ခင်ရသူတစ်ယောက်ရဲ့ မွေးနေ့လည်းဖြစ်နေလို့ပါ..  မနက်ခင်းမှာ ဘုရားသွားတယ်.. ဆီမီးထွန်းပြီး ပူစော်ပေးခဲ့တယ်.. ဘုရားအကြာကြီး ရှိခိုးပြီး ဆုလည်းတောင်းပေးခဲ့တယ်..
ဆီမီးတွေ အားလုံးအရည်ပျော်ပြီး ငြိမ်းသွားသလိုပဲ သူ့ဒုက္ခတွေလည်း ဆီမီးငြိမ်းချိန်မှာ အားလုံး ငြိမ်းသွားပါစေလို့.. ပြီးတော့ ဗိုလ်ချုပ်ကောင်းရာသုဂတိလားဖို့ ..

9 Responses to “ပျော်ရွှင်မွေးနေ့ဖြစ်စေ”

  1. သာဓု..သာဓု…သာဓု ..ဤသို့ပြုရ ကောင်းမှုမှန်သမျှကြောင့် … တောင်းသမျှဆု ပြည့်ဝ
    ပါစေသား ..

  2. တခုပဲ
    ဓါတ်ပုံမှာ ဘုရား အောက်က ဗိုလ်မှူး မြင့်သန်းအောင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဆိုတာလေး မပါရင် ပိုကောင်းမယ်
    ဗိုလိချုပ် အတွက်ပဲဆိုတာ သီးသန့်ခံစားလို့ရတာပေါ့

  3. ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ

  4. ဗိုလ်ချုပ် ငြိမ်းချမ်းပါစေ လို့ ဆုတောင်းရင်း တမလွန်ကနေ သူကယ်တင်ခဲ့တဲ့ လက်ရှိ နိုင်ငံကြီးကို ရတတ်မအေး ဖြစ်နေမှာပဲလို့ တွေးမိရင်း …..

  5. ကံကောင်းပါစေ …

  6. :)

  7. ကဲ..ဘာဆုတောင်းပေးရမလဲ ပြော..
    အောင်စေ၊အေးစေ..ပေါ့

  8. ကုန်လွန်ခဲ့သော ငါ့မွေးနေ့အခါပေါင်းများစွာကိုပဲ သတိရမိသေးတော့ .. ၀မ်းနည်းစရာနဲ့ မနာလိုချင်စရာ ကောင်းပါ့ … အဟက် ..

  9. များ တို. ဗိုလ်ချုပ်က စနေသားနော်..
    မမ

Leave a Reply