ကိုယ့်လူနဲ့ကိုယ်နဲ့တော့ အခက်20-02-2010 | 11:51:28 | 7 Comments

ခုန်ပေါက်ပြေးလွှား မနားမနေ။ အရေရော အဖတ်ပါရတယ်ဆိုပြီး
ဆွဲဆုတ်လိုက်တော့လည်း တွန့်ကျေသွားတာပဲ
ဖြတ်ချလိုက်တော့လည်း မျက်စိသူငယ်နားသူငယ်
ဟိုမှာ သူအကွက်ရွှေ့လိုက်ပုံက
သူ ဇယားခင်းလိုက်ပုံက
တစ်ကောင်ထိုးကျွေးပြီး တစ်ဝိုင်းလုံးလို ကြိတ်ဝါးနေတာ
အထစ်၊ ထစ်အ၊ ရှင်းပြမနေနဲ့။ လက်ညှိုးတွေ ဟိုထိုးဒီထိုး။
သွေးရိုးလား၊ သားရိုးလား၊ ရိုးသားကြိုးစားလား။
အကြွင်းအကျန်တွေ ဟိုပစ် ဒီပစ်။
စာရိတ္တမောင်ဆိုပြီး ဝယ်ဝယ်စားနေတာ
အကာအကွယ်နဲ့လား။ အသားချင်းထိမှ မီးပွင့်တာလား
ဘယ်ရနံ့ကို ကြိုက်နှစ်သက်ပါသလဲ
မေးခွန်းကို မြွေတစ်ကောင်လို လျှောထွက်သွားပုံက
ဒီညလည်း အကြောပေါင်းတစ်ထောင်မသိအောင်ဖွင့်ပြမယ်ဆိုတဲ့အထာနဲ့။

ကိုယ့်လူတော့ ခက်ပြီ။ အလကားနေ အလကား
အချင်းချင်းလည်းအထာမထား။
ကိုယ့်လူတော့ ခက်ပြီ။ အလကားနေ အလကား
သော့တွဲကြီး တကားကား။
ကိုယ့်လူတော့ ခက်ပြီ။ အလကားနေ အလကား
ရင်တုန်ပန်းတုန် တစ်ကိုယ်လုံးတုန်ရီပြနေတော့
ဖြည်ချလိုက်ရတော့မှာလား။
ကိုယ့်အနေအထားအရ ပြောကြည့်တာပါ။

သက်ငြိမ်သစ်

(သူငယ်ချင်းတစ်ယောက်ရေးထားတဲ့ ကဗျာလေး အသစ်စက်စက်ကို အတင်းလုလာတာပါ)

7 Responses to “ကိုယ့်လူနဲ့ကိုယ်နဲ့တော့ အခက်”

  1. အလကားနေအလကား တစ်ခုခုကို တွေ့လိုက်သလိုပဲ။ အတော်လန်းတယ်။

    လုထားတာဆိုတော့ “ကဗျာသူလု” ပြောရမလားမသိ..

  2. ဒီကဗျာနဲ့ငါနဲ့တော့အခက်..
    တကယ်မိုက်တယ်ဟ.. ကဗျာလုသူ အခေါ်ခံရကျိုးနပ်ပါတယ်။

  3. ကဗျာလေးက အတော်ကောင်းပါတယ်

  4. နန်းညီနဲ့ ကိုယ်နဲ့တော့ အခက်..အထာလည်းမရှိဘူး..သူများကဗျာ သွားလု ရတယ်လို့..:D

  5. ဗဲရီးဂွတ်…ဗျ..

  6. ကောင်းတယ်
    အရင်က တွေ့ဘူးသလိုပဲ
    ဒီကဗျာပဲလားမသိတော့ဘူး
    အကုန်တူမတူတော့ မမှတ်မိတော့ဘူး
    “တစ်ကောင်ထိုးကျွေးပြီး တစ်ဝိုင်းလုံးလို ကြိတ်ဝါးနေတာ”
    “သွေးရိုးလား၊ သားရိုးလား၊ ရိုးသားကြိုးစားလား။
    အကြွင်းအကျန်တွေ ဟိုပစ် ဒီပစ်။
    စာရိတ္တမောင်ဆိုပြီး ဝယ်ဝယ်စားနေတာ”

  7. အဟိုး.. အချိုးဖျက်ထားပေမယ့် အတိုင်းသား မြင်နေရတာပဲ .. လန်းတယ်၊ ရေးရဲတယ်

Leave a Reply

kazakhstan companies Consolidate Debt business eu sexo learn futures trading