ပေါက်တတ်ကရ ညဉ်းချင်း24-02-2010 | 11:35:01 | 6 Comments

^HZ: အင်း … အလုပ်ရှုပ်တာပီးဘီလား
nye: နည်းနည်းလျော့သွားပီလေ
^HZ: အဲ့ဆို ကဗျာရေးပေးတော့
nye: အို
လျော့ပဲလျော့တာ
ကျန်သေးတယ်
^HZ: ကျန်သေးလဲ ခွဲပီး ရေးပေး
nye: အော် ကြုံသမျှ ဘုံဘ၀မှာဖြင့် ရွှေနားတော်ရယ် မချမ်းသာ
ဒီမယ်မှာလေ အလုပ်ပတ်ရှုပ်နေတာရယ်ကြောင့် မရေးနိုင်ကြောင်းတောင်းပန်လည်း မရတာမို့..
(အမယ်မင်း) မရတာမို့
:P
^HZ: ရေးတော့မယ်ပေါ့လေ
မရတော့ဖူးဆိုတော့
nye: အို ရေးပီလေ.. အဲ့ဒါ ပထမပိုဒ်
လောလောဆယ် ပထမပိုဒ်ပဲ ယူထား
^HZ: အန်
nye: ဟိ
^HZ: ရေးပေး ..လို့ဆို
nye: ရေးပးတယ်လေ အဲ့မှာ ပထမပိုဒ်လေ
^HZ: အဲ့ကဗျာမျိုး ဟုတ်ဖူး..ဆို
ကိုမိုးဝေး တို့ ပြောပြောနေတဲ့ ခေတ်ပြိုင်ကဗျာဆိုလား
မော်ဒန်အလွန် ကဗျာဆိုလား ဘာလား ကွာ
အဲ့ဒါမျိုး
ဟိဟိ
nye: ((( ဟေ့လူ ))))))
^HZ: ဗျာ
nye: အဲ့ဒါမျိုးမှ မရေးတတ်တာ
မရေးတတ်တဲ့လူကို အကြွေးတောင်းသလို ရေးခိုင်းနေတာ
စော်ကားတာလား
^HZ: အွန်
nye: မထီမဲ့မြင်ပြုတာလား
အထင်သေးတာလား
^HZ: ရေးတတ်ပါတယ်ဟယ်
nye: လှောင်ပြောင်တာလား
^HZ: ရေးလိုက်ပါ
စွပ်စွဲလှချည်လားကွယ်
nye: ငိုမှာ
ဗြဲ
^HZ: အွန်
ငိုတော့ငိုနဲ့လေ ငိုချင်း ရေးခိုင်းတာမှ မဟုတ်တာ
nye: အမယ်မင်းရယ်တဲ့ ပြောရတော့မယ်
^HZ: ညည်းချင်းလဲ ဟုတ်ပါဖူးဆိုနေ
nye: မရေးတတ်ကြောင်း အခါခါပြောပါသော်လည်း ရက်စက်သူ မောင်မောင်ဟိန်းက.. (ရင်နွေးရေ).. တွန်းထိုးလို့ သိမ်း
^HZ: အွန်
သူ့ညည်းချင်းက တမျိုးပါလား
nye: အော်.. တမင်ခွာ ရှောင်ဖယ်မပြေးပါဘု.. တကယ်မှန်အလုပ်များနေတာပ.. ကိုယ်ချင်းရယ်မှ မစာနာ
(ဘာတွေဖြစ်ကုန်ပီလဲမသိတော့ဘူး)
^HZ: အဟဟ
ကဗျာလေး ရေးလိုက်ရင် ပီးသွားမယ့်ဟာကိုကွယ်
nye: ကဗျာရေးစရာ ရွှေဥာဏ်တော် စူးရောက်နေတာကြောင့်.. မရေးသာညှာတာပါစေကြောင်း တောင်းပန်လို့နေ
အမယ်မင်း တောင်းပန်လို့နေ
^HZ: အာာာ သူ့ညည်းချင်းက တဖြည်းဖြည်းနဲ့ ကျနော် လူကြမ်းဖြစ်ဖြစ်လာဘီ
nye: လူကြမ်းရယ်မှ မဖြစ်လို… သို့သော်ကွယ် သူ တမင်ညှင်းရက်တယ်.. ဒီမယ်မှာ စိတ်ထောင်းလို့ ကိုယ်ကြေပါပေါ့
ညှိုးရက်လေခြင်း
^HZ: အွန် .. ကဗျာလေးရေးခိုင်းမိတာ စိတ်ထောင်းလို့တောင် ကိုယ်ကြေရသတဲ့
nye: ကဖေးဆိုင်ပုံပြင်ရယ် ခေါင်းထဲရှိသာမို့.. အခြားကြောင်းကွယ် ဈာန်မရပေပဲ.. ညှိုးချုံးလို့ ခဲ
^HZ: အဲ့ဒီ ညည်းချင်းကိုပဲ ပြန်ပေါင်းပီး တင်လိုက်ရ ကောင်းမယ်ထင်တယ်
nye: အကြံတော်ပိုင်လိုက်ပါဘိ.. အမှန်နော် ပီသပါတဲ့ ကိုလေကြီးကျယ်..
:P (ဘာမှလည်းဆိုင်ဘူး)
ကိုဟိန်း နန်းညီကို ဘယ်လောက်တောင် စိတ်ညှင်းဆဲလိုက်သလဲဆိုတာ လူတကာ သိစေအောင်လို့

6 Responses to “ပေါက်တတ်ကရ ညဉ်းချင်း”

  1. ဘာကြီးတုန်းဟာ ???

  2. ခွိ

  3. ပေါက်တက်ကရကိုပေါက်တက်ကရလို ပဲဖတ်သွားပါတယ်မနီညမ်းရေ…။
    တော်တော်တော့ရယ်ရတယ်ဗျာ…ဟိ

  4. တော်သေးတာပေါ့.. ဘကြီးဖြိုးနဲ့မောင်ကာဠု မှတ်လို့ .. အဟီး

  5. ဘာချီးတုန်းဗျ

  6. ဆယ်တန်းတုန်းက ရေသည်ပြဇာတ်ပြန်ဖတ်နေရသလိုပါပေါ့လား…ဒေါ်နီညမ်းရဲ့။

Leave a Reply